www.nesdmyanmar.org

National Skill Standards Authority (NSSA)

အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး အစီအစဉ်နောက်ခံအကျဉ်း
  • အာဆီယံစီးပွားရေးအသိုက်အဝန်းသည် ၂၀၁၆ ခုနှစ်မှ စတင် ပေါ်ပေါက်လာပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် လုပ်သား စျေးကွက်တွင် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စွမ်းရည်မြှင့် ကျွမ်းကျင်လုပ်သားများကို အလျင်အမြန် မွေးထုတ် ပေးရန် လိုအပ်လျက် ရှိပါသည်။
  • မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဆောင်ရွက် ခဲ့သော အာဆီယံကျွမ်းကျင်မှု အသိအမှတ်ပြုရေးစနစ် ဖြစ်ထွန်း ပေါ်ပေါက်ရေးပရောဂျက်တွင် ပါဝင်ခဲ့ပြီး ၎င်းပရောဂျက်သည် sub-professional အဆင့် ဝန်ထမ်း လုပ်သားများအတွက် အမျိုးသားအဆင့်နှင့် ဒေသတွင်းအဆင့် ကျွမ်းကျင်မှုအရည် အသွေးမူဘောင်/စနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ် ခဲ့သည်။
  • အဆိုပါပရောဂျက်အရ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) ကို ၂၀၀၇ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုလက်ရှိတွင် NSSA ရှိ လုပ်ငန်း ကော်မတီ ၁၅ ခုသည် အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” ၁၇၃ ခုကို ရေးသား ပြုစုခဲ့သည်။
  • ၂၀၁၀ ခုနှစ်တွင် NSSA ရှိ သတ္တုနှင့်အင်ဂျင်နီယာလုပ်ငန်း ဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ သည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ပူးပေါင်း၍ ဂဟေဆက် အလုပ်အကိုင် အဆင့် (၁) နှင့် အဆင့် (၂) တို့အတွက် အမျိုးသား အဆင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေးကို ရှေ့ပြေးဆောင်ရွက်ခဲ့သည်။
  • ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) နှင့် SDC/Swisscontact တို့၏ အကူအညီဖြင့် ဦးစားပေးအလုပ်အကိုင် ၁၁ မျိုးအား ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းနှင့် ကျွမ်းကျင်မှုလက်မှတ် ထုတ်ပေးရေး အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ရှေ့ပြေးအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါသည်။
  • ရှေ့ပြေးအစီအစဉ်များမှ လေ့လာတွေ့ရှိချက်များအပေါ်အခြေပြု၍ ယခုနှစ်တွင် ဦးစားပေး အလုပ်အကိုင် ၁၄ မျိုးကို ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်မှုအစီအစဉ်များထပ်မံဆောင်ရွက်ရန် သက်ဆိုင် ရာအလုပ်ရှင်များ၊ Professional အဖွဲ့အစည်းများနှင့် ပူးပေါင်း စီစဉ်လျက် ရှိပါသည်။
ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျှော်မှန်းချက်
  • လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများ၏ လုပ်ငန်း အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအား အသိအမှတ်ပြု နိုင်ရေး
  • လုပ်သားစျေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ဖွံ့ဖြိုး တိုးတက်ရေးအား အထောက်အကူပြုနိုင်ရေး
  • အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေး စံချိန်စံညွှန်များနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း စနစ်များအားသတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး
  • မြန်မာနိုင်ငံရှိ ကျွမ်းကျင်မှု လုပ်သားအရေအတွက်နှင့် အရည်အသွေးကို မြှင့်တင်ပေးနိုင်ရေးနှင့် ထိုမှတဆင့် ကျွမ်းကျင်လုပ်သားများ၏ရပိုင်ခွင့်၊ လူမှုအဆင့်အတန်းနှင့် ကျွမ်းကျင်မှုများ တိုးတက်စေနိုင်ရေး
အမျိုးသားအဆင့် အရည်အသွေးမူဘောင်နှင့်အညီ သတ်မှတ်ထားသော NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးမူဘောင် အဆင့်(၁)လက်မှတ် - တစိတ်တဒေသကျွမ်းကျင်လုပ်သား အဆင့်(၂)လက်မှတ် - ကျွမ်းကျင်လုပ်သား အဆင့်(၃)လက်မှတ် - အဆင့်မြင့်ကျွမ်းကျင်လုပ်သား အဆင့်(၄)လက်မှတ် - ကြီးကြပ်သူအဆင့်   ကျွန်ုပ်တို့ကို ဆက်သွယ်ရန် NSSA Secretariat Office (Nay Pyi Taw) ရုံးအမှတ် ၅၁၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်။ ဖုန်း - ၀၆၇ ၄၃၀၄၃၅၊ ၄၃၀၄၉၇၊ ၄၃၀၂၇၆ Email - skillsdevelopmentdivision.dol@gmail.com NSSA Technical Office (Yangon) ၂၉၈၊ မြနန္ဒာလမ်း၊ ၁၃ ရပ်ကွက်၊ ရန်ကင်းမြို့နယ်။ ဖုန်း - ၀၁ ၈၅၆၄၇၇၃၊ ဖက်စ် - ၀၁၂၃၃၀၃၈၄ Website: www.nesdmyanmar.org