www.nesdmyanmar.org

About NESD

History

၁။ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ အာဆီယံ နိုင်ငံများအနေဖြင့် တည်ငြိမ်သော၊ အောင်မြင်ကြွယ်ဝသော၊ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်သော၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေး၊ စီးပွားရေးကွာဟချက်နည်းပါးသော ဒေသဖြစ်ရန် အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community- AEC)ဖြစ်ရန် ရည်မှန်းချက်များ ချမှတ်ထားပါသည်။ သို့ပါ၍ ၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများအကြား စီးပွားရေး ပေါင်းစပ်မှုနှင့် အတူ “ဘုံ” အလုပ်သမားစျေးကွက် ဖြစ်ပေါ်စေရန် ဦးတည်ပြီး-
  1. လွတ်လပ်စွာ ကုန်စည်စီးဆင်းနိုင်ခြင်း (Free Flow of Goods)
  2. လွတ်လပ်စွာ ဝန်ဆောင်မှုစီးဆင်းနိုင်ခြင်း (Free Flow of Services)
  3. လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှု ပြုနိုင်ခြင်း (Free Flow of Capital)
  4. ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ စီးဆင်းနိုင်ခြင်း (Free Flow of Skilled Labour) စသည်တို့ ဖြစ်ပေါ်လာစေရန် မျှော်မှန်းထားရှိပါသည်။
၂။ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်ရေး လုပ်ငန်းစဉ်အတွက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အပြန်အလှန် အသိအမှတ်ပြုရေးစနစ်များ ထားရှိရန် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေးမှ သဘောတူညီခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်အရ အာဆီယံနိုင်ငံများအတွင်း ကျွမ်းကျင်မှု အသိအမှတ်ပြုရေးစီမံကိန်း (Skill Recognition System in ASEAN Project) ကို ၂၀၀၄ ခုနှစ်မှ စတင်၍ အာဆီယံ-သြစတြေးလျ ဖွံဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အကူအညီဖြင့် စတင်ခဲ့ပါသည်။ ၃။ ကျွမ်းကျင်မှု အသိအမှတ်ပြုရေး စနစ်တည်ထောင်ရန်အတွက် ပထမဦးစွာ အာဆီယံနိုင်ငံ များအနက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ချက်များ မရှိသေးသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း(CLMV/T) နိုင်ငံများတွင် နိုင်ငံအဆင့် ကျွမ်းကျင်မှုအဆင့် သတ်မှတ်ချက်ဆိုင်ရာ အစီအစဉ်များကို ဆောင်ရွက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် တိုးချဲ့စီမံကိန်း (Extension Project) ကို ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများ၏ နိုင်ငံအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုရေးစနစ် တည်ထောင်ရန် အတွက် ဂဟေဆက်၊ လေအေးပေးစက်ပြင်၊ ကွန်ကရိလုပ်ငန်း၊ ဧည့်လမ်းညွှန်၊ ကြက်မွေးမြူရေး စသည့် နမူနာ အလုပ်အကိုင်(၅)မျိုးအတွက် ကျွမ်းကျင်မှု “စံ”များကို လက်ရှိကျင့်သုံးလျက် ရှိသောကျွမ်းကျင်မှုများနှင့်နှိုင်းယှဉ်ပြီး အဆင့်(၄)ဆင့်ဖြင့် တပြေးညီ ရေးဆွဲသတ်မှတ်ခဲ့ပါသည်။
Organizing National Skill Standard Authority
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ စတင်ဖွဲ့စည်းခြင်း
၁။ မြန်မာနိုင်ငံ၏ လုပ်သားစျေးကွက်နှင့် ကိုက်ညီမည့် ကျွမ်းကျင်မှု“စံ” သတ်မှတ်ချက်များ ရေးဆွဲဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဌာန်းရေး အဖွဲ့ကို ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျင်းပခဲ့သော (၂၉/၂၀၀၇) ကြိမ်မြောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးမှသဘောတူ ခွင့်ပြုခဲ့ပါသည်။ ထိုသဘော တူခွင့်ပြုချက်အရ အဆိုပါအဖွဲ့ကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဥက္ကဌ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အတွင်းရေးမှူး၊ သက်ဆိုင်ရာ အစိုးရဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ဥက္ကဌများမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းခဲ့ပါသည်။ "မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဌာန်းရေးအဖွဲ့"
(၁) ဒုတိယဝန်ကြီး အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ဥက္ကဌ
(၂) ညွှန်ကြားရေးမှူးချုပ် စက်မှုနှင့် သက်မွေးပညာဦးစီးဌာန သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဖွဲ့ဝင်
(၃) ညွှန်ကြားရေးမှူးချုပ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အဖွဲ့ဝင်
(၄) ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အဖွဲ့ဝင်
(၅) ညွှန်ကြားရေးမှူးချုပ် မြန်မာ့သစ်လုပ်ငန်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန အဖွဲ့ဝင်
(၆) ဦးဆောင်ညွှန်ကြားရေးမှူး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဆောက်လုပ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၇) ညွှန်ကြားရေးမှူးချုပ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန စက်မှုဝန်ကြီးဌာန အဖွဲ့ဝင်
(၈) ညွှန်ကြားရေးမှူးချုပ် မြန်မာ့စက်မှုလုပ်ငန်းများစီမံကိန်းညွှန်ကြားမှုဦးစီးဌာန စက်မှုဝန်ကြီးဌာန အဖွဲ့ဝင်
(၉) ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့မီးရထား ရထားပို့ဆောင်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၁၀) ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ပို့ဆောင်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၁၁) ညွှန်ကြားရေးမှူးချုပ် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၁၂) ညွှန်ကြားရေးမှူးချုပ် ဆေးသိပ္ပံပညာဦးစီးဌာန ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၁၃) ညွှန်ကြားရေးမှူးချုပ် ငါးလုပ်ငန်းဦးစီးဌာန မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၁၄) ညွှန်ကြားရေးမှူးချုပ် စက်မှုလယ်ယာဦးစီးဌာန လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖွဲ့ဝင်
(၁၅) ညွှန်ကြားရေးမှူးချုပ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန အဖွဲ့ဝင်
(၁၆) ညွှန်ကြားရေးမှူးချုပ် ပို့ဆောင်ရေးဦးစီးဌာန ရထားပို့ဆောင်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၁၇) ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန အဖွဲ့ဝင်
(၁၈) ညွှန်ကြားရေးမှူးချုပ် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပို့ဆောင်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၁၉) ကျောင်းအုပ်ကြီး ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၂၀) ဥက္ကဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အဖွဲ့ဝင်
(၂၁) ဥက္ကဌ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်
(၂၂) ဥက္ကဌ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း အဖွဲ့ဝင်
(၂၃) ဥက္ကဌ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အဖွဲ့ဝင်
(၂၄) ဥက္ကဌ မြန်မာနိုင်ငံကွန်ပျူတာအသင်း အဖွဲ့ဝင်
(၂၅) ဥက္ကဌ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်
(၂၆) ဥက္ကဌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်
(၂၇) ဥက္ကဌ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်
(၂၈) ဥက္ကဌ မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအဖွဲ့ချုပ် အဖွဲ့ဝင်
(၂၉) ညွှန်ကြားရေးမှူးချုပ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အတွင်းရေးမှူး

Objective (ရည်မှန်းချက်တာဝန်)

၂။ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့၏ တာဝန်ဝတ္တရား များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
  1. (၁) အလုပ်အကိုင်များ၏ ကျွမ်းကျင်မှု “စံ”များကို ခွဲခြားသတ်မှတ်ပေးရန်၊
  2. (၂) အလုပ်အကိုင်ကျွမ်းကျင်မှုများအတွက် အသေးစိတ်တိကျသော ပုံစံများ ချမှတ်ပေး ရန်၊
  3. (၃) ကျွမ်းကျင်မှုတိုးတက်ရေးကို ညှိနှိုင်းဆောင်ရွက်ရန်နှင့် ဦးစားပေးမှုများကို သတ်မှတ်ပေးရန်၊
  4. (၄) အကဲဖြတ်သူများမှ တရားဝင်အသိအမှတ်ပြုရန်၊ အကဲဖြတ်မှတ်တမ်းများ ထိန်းသိမ်း ရန်တို့အတွက် စနစ်တစ်ရပ် ထူထောင်ထားရန်၊
  5. (၅) အဖွဲ့ဝင်များသည် အဖွဲ့သို့ လိုအပ်သော အကြံဉာဏ်များကို ဝိုင်းဝန်းအကြံပြုရန်။
 

Activities Of NSSA

၃။ သို့ပါ၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့သည် အောက်ပါ လုပ်ငန်းအဆင့်ဆင့်အား ဆောင်ရွက်လျက်ရှိသည် -
  1. (၁) ကျွမ်းကျင်မှု “စံ” သတ်မှတ်ရန် ဦးစားပေးအလုပ်အကိုင်များကို ရွေးချယ်ခြင်း၊
  2. (၂) ရွေးချယ်ထားသော အလုပ်အကိုင်များအလိုက် “စံ” များအား သတ်မှတ်ရန် ပညာရှင် များပါဝင်သော လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း၊
  3. (၃) ကျွမ်းကျင်မှု “စံ” သတ်မှတ်ချက်များပေါ် အခြေခံ၍ သင်ရိုးညွှန်းတမ်းများ ရေးဆွဲရေး အဖွဲ့ငယ်များ ဖွဲ့စည်းရေးဆွဲစေခြင်း၊
  4. (၄) သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားမှုရေးရာများကို ပြုစုခြင်းနှင့် လေ့ကျင့် သင်ကြားခြင်း၊
  5. (၅) ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေး၍အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ဖြစ်သည်။
၄။ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရန် အလုပ်အကိုင်များ ရွေးချယ်ရာတွင် ကွင်းဆင်းလေ့လာမှု ပြုလုပ်ခြင်း၊ အလုပ်အကိုင်စာရင်းပြုစုခြင်း၊ ဦးစားပေးအလုပ်အကိုင်များရွေး၍ NSSA အစည်း အဝေးတွင်တင်ပြခြင်း၊ အလုပ်အကိုင်အလိုက် “စံ” သတ်မှတ်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။ အလုပ်အကိုင်များ၏ “စံ” များသတ်မှတ်ရာတွင် “စံ” သတ်မှတ်ရေး၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ “စံ” နမူနာများကို ရှာဖွေတင်ပြခြင်း၊ လုပ်ငန်းအဖွဲ့များက “စံ” များကို ညှိနှိုင်းသတ်မှတ်ခြင်း၊ အလုပ်အကိုင်အလိုက်သတ်မှတ် “စံ” များကို NSSA မှ စိစစ်အတည်ပြု ပြဌာန်းခြင်းတို့ဆောင်ရွက်ရမည်ဖြစ်သည်။ ၅။ သို့ပါ၍ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ”များ သတ်မှတ်ရေးဆွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်း၊ လေ့ကျင့်သင်ကြားခြင်း၊ ကျွမ်းကျင်မှု စမ်းသပ်စစ်ဆေးခြင်းနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းစသည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အလုပ်အကိုင် ကျွမ်းကျင်မှု“စံ” သတ်မှတ်ရေး ကော်မတီ(၁၄)ကို သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် အသင်းအဖွဲ့များမှ ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။

Sub-committees & their roles

၆။ လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီများ (Occupational Competency Standard Committees by Sectors) (၁၄)ခု မှာ အောက်ပါ အတိုင်းဖြစ်သည် -
  • (၁) သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု"စံ" သတ်မှတ် ရေးကော်မတီ (Metal and Engineering Industry Occupational Competency Standard Committee)
    1. (က) စက်မှုလုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု"စံ"သတ်မှတ်ရေး ဆပ်ကော်မတီ (Machinist Occupational Competency Standard Sub- committee)
    2. (ခ) သတ္တုနှင့်သံရည်ကျိုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးဆပ်ကော်မတီ (Sheet Metal and Foundry Occupational Competency Standard Sub- committee)
    3. (ဂ) ဂဟေဆက်ခြင်းလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု "စံ" သတ်မှတ် ရေးဆပ်ကော်မတီ (Welding Occupational Competency Standard Sub- committee)
    4. (ဃ) လျှပ်စစ်လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေး ဆပ်ကော်မတီ (Electrical Occupational Competency Standard Sub- committee)
    5. (င) စက်ပြင်လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေး ဆပ်ကော်မတီ (Mechanic Occupational Competency Standard Sub-committee)
  • (၂) ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေး ကော်မတီ (Construction Occupational Competency Standard Committee)
  • (၃) သစ်လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု"စံ"သတ်မှတ်ရေး ကော်မတီ (Woodworking Industry Occupational Competency Standard Committee)
  • (၄) စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု"စံ"သတ်မှတ်ရေး ကော်မတီ (Agricultural Occupational Competency Standard Committee)
  • (၅) မွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေး ကော်မတီ (Livestock and Fishery Occupational Competency Standard Committee)
  • (၆) ပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု"စံ"သတ်မှတ်ရေးကော်မတီ (Transport Industry Occupational Competency Standard Committee)
  • (၇) သတ္တုတွင်းလုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု"စံ" သတ်မှတ်ရေးကော်မတီ (Mining Industry Occupational Competency Standard Committee)
  • (၈) IT လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေး ကော်မတီ (Information Technology Occupational Competency Standard Committee)
  • (၉) ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ (Health Services Occupational Competency Standard Committee)
  • (၁၀) လူမှုဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု “စံ”သတ်မှတ်ရေး ကော်မတီ (Social Welfare Services Occupational Competency Standard Committee)
  • (၁၁) ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ (Manufacturing Industry Occupational Competency Standard Committee)
    1. (က) အထည်အလိပ်လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ”သတ်မှတ် ရေးဆပ်ကော်မတီ (Textile and garments Industry Occupational Competency Standard Sub-committee)
    2. (ခ) ဖိနပ်နှင့်သားရေပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ဆပ်ကော်မတီ (Shoes and Leather Goods Industry Occupational Competency Standard Sub-committee)
    3. (ဂ) ဘိလပ်‌မြေထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆပ်ကော်မတီ (Ceramic Products Industry Occupational Competency Standard Sub-committee)
    4. (ဃ) စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ”သတ်မှတ် ရေးဆပ်ကော်မတီ (Food and Drinks Industry Occupational Competency Standard Sub-committee)
    5. (င) အခြားကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ”သတ်မှတ် ရေးဆပ်ကော်မတီ (Other Industry Occupational Competency Standard Sub-committee)
  • (၁၂) စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သော ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ (Commercial & Business Services Occupational Competency Standard Committee)
  • (၁၃) ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ (Hotel and Tourism Occupational Competency Standard Committee)
  • (၁၄) ရေနံနှင့်သဘာ၀ဓါတ်ငွေ့လုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု “စံ”သတ်မှတ်ရေး ကော်မတီ (Oil and Gases Occupational Competency Standard Committee)
 

Duties and Functions of Sub-committees

၇။ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီများသည် အောက်ပါလုပ်ငန်း တာဝန်ဝတ္တရားများကို ဆောင်ရွက်ကြရသည် -
  1. (၁) သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” များရေးဆွဲသတ်မှတ်ခြင်း၊
  2. (၂) ရေးဆွဲမည့် မူဘောင်များ၊ အသေးစိတ်ပုံစံများ၊ နည်းစနစ်များ တစ်ပြေးညီသတ်မှတ် ပေးခြင်း၊
  3. (၃) အခြားအလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” ကော်မတီများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
  4. (၄) လက်ရှိရေးဆွဲပြီး ကျွမ်းကျင်မှု “စံ” များအား အလုပ်အကိုင်/လုပ်ငန်းခွင် လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဆန်းစစ်လေ့လာခြင်း၊ ပြည်တွင်း၊ ဒေသတွင်း နှင့် နိုင်ငံတကာ တွင်လက်ခံကျင်သုံးနေသည့် “စံ” များအကြား လိုက်လျောညီထွေ ရှိစေရန် တည်းဖြတ်မွမ်းမံခြင်း၊
  5. (၅) ၎င်းကျွမ်းကျင်မှု “စံ”များအား တည်းဖြတ်မွမ်းမံရာ၌ ကော်မတီဝင်များအပြင် လေ့ကျင့်ရေးဆိုင်ရာ နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သူများအား ပါဝင်ဆွေးနွေးစေခြင်း၊ အကြံပြုချက်များ ရယူခြင်း။
  6. (၆) ကျွမ်းကျင်မှု “စံ” များနှင့် ပတ်သက်၍ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဥ် Workplan များကော်မတီအလိုက်ရေးဆွဲခြင်း၊
  7. (၇) စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းပုံအား တိုးချဲ့ဖွဲ့စည်းရေး အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်ဝတ္တရားများ အသေးစိတ်သတ်မှတ်ရေး၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ရပ်စလုံး ပါဝင်စေရန် ထည့်သွင်းရေးဆွဲခြင်း၊
  8. (၈) ကျွမ်းကျင်မှု “စံ” များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ရန် ကိစ္စများ ကို NSSA အဖွဲ့သို့ သုံးလတစ်ကြိမ် (သို့) လေးလတစ်ကြိမ် တင်ပြခြင်း၊
  9. (၉) နှစ်စဉ် (သို့) တစ်နှစ် နှစ်ကြိမ် ရေးဆွဲသတ်မှတ်ထားသော ကျွမ်းကျင်မှု “စံ”များ အား သုံးသပ်လေ့လာခြင်း ဈေးကွက်နှင့်အညီ ပြုပြင်ပြောင်းလဲခြင်း ပိုမိုတိုးတက် ကောင်းမွန်စေရန် မွမ်းမံခြင်း၊
  10. (၁၀) ကျွမ်းကျင်မှု “စံ” များနှင့် ပတ်သက်၍ မှတ်တမ်းမှတ်ရာများ စနစ်တကျ ထားရှိရေး၊ ရေးဆွဲပြီး “စံ” များအား စုပေါင်း၍ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊ Website ၌ Competency Bank အဖြစ် ထူထောင်ထားရှိခြင်းး၊
  11. (၁၁) လိုအပ်ပါက ကော်မတီများအလိုက် ဆပ်ကော်မတီများ၊ အဖွဲ့များ (Functional Unit) ဖွဲ့စည်း၍ လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊
  12. (၁၂) စံသတ်မှတ်ခြင်းနှင့် လေ့ကျင့်ရေးကော်မတီ၊ စမ်းသပ်စစ်ဆေးရေးကော်မတီများသို့ အသေးစိတ်အကြံဉာဏ်များပေးခြင်း၊ ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊
  13. (၁၃) ကျွမ်းကျင်မှု “စံ”များဆိုင်ရာ သတင်းအချက်အလက်များအား အစိုးရ၊ ပုဂ္ဂလိက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအတွင်း ပိုမိုပြန့်ပွားစေရန် ဖြန့်ဖြူးပေးခြင်း၊ ဆက်သွယ် ပေါင်းစပ်ဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။
၈။ ကျွမ်းကျင်မှု “စံ” သတ်မှတ်ချက်ရေးသားရာတွင် လုပ်ဆောင်မှုယူနစ်၊ လုပ်ဆောင်မှု အစိတ်အပိုင်း၊ လုပ်ဆောင်မှုစံနှုန်း၊ ဆောင်ရွက်မှုအတိုင်းအတာ၊ ကျွမ်းကျင်မှု အထောက်အထား လမ်းညွှန် စသည်တို့ ပါဝင်ရေးသားထားပါသည်။ ကျွမ်းကျင်မှု “စံ” သတ်မှတ်ချက်များကို ထားရှိခြင်းအားဖြင့် ရာထူးတိုးရန်၊ ဝန်ထမ်းလုပ်သားသစ်ခန့်ရန်၊ ပြည်ပသွားရောက်လုပ်ကိုင် သူများ၏ ကျွမ်းကျင်မှုအသိအမှတ်ပြုရန်၊ လေ့ကျင့်သင်ကြားမှုအတွက် သင်ရိုးညွှန်းတမ်းများ ပြုစုရန်၊ လေ့ကျင့်မှုပိုင်း ဆိုင်ရာပြုစုရန်၊ လုပ်ငန်းအတွေ့အကြုံအရ တတ်ကျွမ်းမှုအကဲဖြတ်ရန်၊ စက်မှုလုပ်ငန်းများ အနေဖြင့်လည်းရေးသားထားသော ကျွမ်းကျင်မှု “စံ” များအား လိုရာ ကျွမ်းကျင်မှုနယ်ပယ်များတွင် ရွေးချယ်အသုံးပြုနိုင်ရန်၊ ကျွမ်းကျင်သူများအား လုပ်ငန်းလုပ်ပိုင် ခွင့်လိုင်စင်ထုတ်ပေးရန် စသည့်အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ ၉။ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီများတွင် ပါဝင်သော ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များအနေဖြင့် အာဆီယံ ကျွမ်းကျင်မှုအရည်အသွေးမူဘောင် သတ်မှတ်ချက်နှင့်အညီ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အလုပ်အကိုင် ကျွမ်းကျင်မှု“စံ” (၁၇၃) မျိုးကို ရေးဆွဲသတ်မှတ်ခဲ့ပါသည်။ ၁၀။ အဆိုပါ “စံ” ရေးဆွဲသတ်မှတ်ပြီးသော အလုပ်အကိုင် (၁၇၃)မျိုးအား စံချိန်စံညွှန်း ပြည့်မီစေရန်နှင့် မြန်မာနိုင်ငံအလုပ်သမားများနှင့် ကိုက်ညီမည့် အချက်အလက်များ ပြည့်စုံစွာ ပါဝင်စေရန်အတွက် ဒေသအတွင်းနှင့် နိုင်ငံတကာ၌ လက်ခံကျင့်သုံးနေသော ကျွမ်းကျင်မှု“စံ”များ ကိုလေ့လာ၍ ဖြည့်စွက်ခြင်း၊ လိုက်လျောညီထွေရှိစေရန် ပြင်ဆင်ခြင်းများကို သက်ဆိုင်ရာ ကော်မတီများမှ ဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ် ပြဌာန်းရေးအဖွဲ့၏ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့ရာ (၃၀.၁၂.၂၀၁၃)ရက်နေ့အထိ (၁၇)ကြိမ်မြောက် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဌာန်း ရေးအဖွဲ့ အနေဖြင့် အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီများမှ ပြင်ဆင်ရေးသား ပြီးစီးသော အလုပ်အကိုင်(၉၂)မျိုးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် သတ်မှတ်ပြဌာန်းခဲ့ပါသည်။

Organisational Development and Capacity Building of NSSA

၁။ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ Focal Point အဖြစ် တာဝန် ယူဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဌာန်း ရေးအဖွဲ့ (NSSA) နှင့် စင်္ကာပူနိုင်ငံ တီးမားဆက်ဖောင်ဒေးရှင်း (Temasek Foundation)၊ စင်္ကာပူ ပိုလီတက္ကနစ် (Singapore Polytechnic)တို့နှင့် ပူးပေါင်း၍ ကျွမ်းကျင်မှု “စံ” အခြေပြု သင်ရိုးညွှန်းတမ်းရေးဆွဲနိုင်သူများ မွေးထုတ်ရေးအတွက် မြန်မာနိုင်ငံလုပ်သားထု ဖွံ့ဖြိုးတိုးတက် ရေး အခြေပြမြေပုံအား စီမံကိန်း ပထမအဆင့်တွင် ရေးဆွဲထားရှိခဲ့ပါသည်။ ၂။ NSSA သည် အဆိုပါ အခြေပြမြေပုံအရ မြန်မာနိုင်ငံလုပ်သားထုဖွံ့ဖြိုးတိုးတက်မှု မြှင့်တင် ရေးကို ဆောင်ရွက်လျက်ရှိရာ စီမံကိန်း ဒုတိယအဆင့်တွင် အောက်ပါလုပ်ငန်းစဉ် များကို ၂၀၁၃ ခုနှစ်၊ မတ်လမှ ဇူလိုင်လအထိ စင်္ကာပူပိုလီတက္ကနစ်၏ နည်းပညာဆိုင်ရာ ကူညီပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည် -
  1. (က) မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) အဖွဲ့ဝင် ဝန်ကြီးဌာနများ၊ ဆက်စပ်လေ့ကျင့်သင်ကြားရေးဌာနများ၊ ပရော်ဖက်ရှင်နယ် အဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အကြီးတန်း စီမံခန့်ခွဲသူ အရာရှိများဦးရေ (၃၀)ဦးနှင့် ဌာနတာဝန်ခံ၊ လေ့ကျင့်ရေး ဝန်ထမ်းဦးရေ (၉၀)ဦး၊ စုစုပေါင်း (၁၂၀)ဦးအား ကျွမ်းကျင်မှုအခြေခံသော သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို မိတ်ဆက်ပေးခြင်း။
  2. (ခ) လေ့ကျင့်သင်ကြားရေးဌာနတာဝန်ခံ (၂၀)ဦး၊ လေ့ကျင့်ရေးဝန်ထမ်း (၇၀)ဦး၊ စုစုပေါင်း (၉၀)ဦးအား အလုပ်အကိုင်ကျွမ်းကျင်မှု မူဘောင်နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင် မှု “စံ” များ ရေးဆွဲရေး၊ မော်ကျူးအလိုက် ကျွမ်းကျင်မှု“စံ”အခြေပြု သင်ရိုး ညွှန်းတမ်းများရေးဆွဲရေးနှင့် ပိုမိုဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ရေး၊ အလုပ်အကိုင် ကျွမ်းကျင်မှုအား ဆန်းစစ်အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်လာစေရန် လေ့ကျင့်ပေးရေးဆောင်ရွက်ခြင်း။
  3. (ဂ) အထက်ပါ အယောက် (၉၀) အနက်မှ (၃၀)ဦးအား မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသင့်တော်မည့် ကျွမ်းကျင်မှု“စံ” အခြေခံသင်ရိုးညွှန်းတမ်းများ ရေးဆွဲရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သူနည်းပြများအဖြစ် လေ့ကျင့်ပေးခြင်းနှင့် ၎င်းတို့မှတဆင့် NSSA အဖွဲ့ဝင် ဝန်ကြီးဌာနများ၊ ဆက်စပ်လေ့ကျင့်သင်ကြား ရေးဌာနများ၊ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းများမှ သင်တန်းသား (၂၅၀)ဦးအား ဆင့်ပွားသင်တန်း ပြုလုပ်ဆောင်ရွက် စေခြင်း။
၃။ ယခုအခါ သင်ရိုးညွှန်းတမ်းရေးဆွဲရေးဆိုင်ရာ ကျွမ်းကျင်သူနည်းပြများအဖြစ် တာဝန် ပေးအပ်ထားသူ (၃၀) ဦးမှ ကျွမ်းကျင်မှု “စံ” အခြေပြု သင်ရိုးညွှန်းတမ်း ရေးဆွဲရေး နှင့်ဖွံ့ဖြိုးရေး ဆင့်ပွားသင်တန်းများကို ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် (၂)ကြိမ်၊ ဒီဇင်ဘာလတွင် (၁)ကြိမ်နှင့် ပြီးခဲ့သည့် ဇန်နဝါရီလတွင် (၁)ကြိမ်၊ စုစုပေါင်း (၄)ကြိမ်ဖြင့် သင်တန်းသား (၁၇၁)ဦးအား သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းများ ပြုလုပ်ခဲ့ပါသည်။ ၄။ ဆင့်ပွားသင်တန်းများ တက်ရောက်ပြီးစီးသူများအနေဖြင့် မိမိတို့ သင်တန်းဌာနများရှိ သင်တန်းများအတွက် အလုပ်အကိုင် ကျွမ်းကျင်မှု “စံ”သတ်မှတ်ချက်များ ရေးဆွဲခြင်း၊ ကျွမ်းကျင် မှု “စံ”အခြေပြု သင်ရိုးညွှန်းတမ်းများ ရေးဆွဲ၍ လေ့ကျင့်သင်ကြားရေးကို ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု စမ်းသပ်စစ်ဆေးခြင်းများကို စံချိန်စံညွှန်းများ နှင့်အညီ ဆောင်ရွက်ခြင်း တို့ကို အကောင်အထည်ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ ၅။ ထို့ပြင် ကျွမ်းကျင်မှုစံ အခြေခံပြု သင်ကြားနိုင်သော နည်းပြများ မွေးထုတ်ရန် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဌာန်းရေး အဖွဲ့ (NSSA) နှင့် ITE Education Services (Singapore)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ စက်မှုသက်မွေး လေ့ကျင့်ရေးနည်းပြများ အတွက် ကျွမ်းကျင်မှုစံ အခြေခံသော နည်းပြလေ့ကျင့်ရေး သင်တန်းအား အောက်ပါလုပ်ငန်းစဉ် များအား (၂)နှစ် စီမံကိန်းကာလ သတ်မှတ်၍ ၂၀၁၃ ခုနှစ်၊ သြဂုတ်လမှစ၍ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည် -
  1. (က) မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ဝင် ဝန်ကြီးဌာနများ၊ အသိအမှတ်ပြုလေ့ကျင့်ရေး သင်တန်းကျောင်း/ ဌာန/စင်တာနှင့် အတတ်ပညာ ဆိုင်ရာအဖွဲ့အစည်းများမှ စာတွေ့သင်ကြားပေးသည့် နည်းပြ (၈၀)ဦး၊ လက်တွေ့သင်ကြားပေးသည့် နည်းပြ (၈၀)ဦး၊ စုစုပေါင်းသင်တန်းသား (၁၆၀) ဦးအား ကျွမ်းကျင်မှုစံအား အခြေခံသော နည်းပြလေ့ကျင့်ရေး ဆောင်ရွက်ခြင်း။
  2. (ခ) နည်းပြလေ့ကျင့်ရေးအစီအစဉ် ဖွံ့ဖြိုးတိုးတက်စေရန် သင်တန်းသား (၁၆၀)ဦးမှ (၆၄) ဦးရွေးချယ်၍ ယင်းအနက် (၃၂)ဦးအား စာတွေ့သင်ကြားပေးမည့် သင်တန်းနှင့် ကျန် (၃၂) ဦးအား လက်တွေ့သင်ကြားပေးမည့် သင်တန်း တို့ကို စင်္ကာပူနိုင်ငံတွင် (၁) ပတ်ကြာ အထူးအဆင့်မြင့်သင်တန်းပေးခြင်း။
  3. (ဂ) နည်းပြ(၆၄) ဦးမှ ထပ်မံ၍ ဆင့်ပွားသင်တန်းများပေးခြင်းအား (၂) ကြိမ် ပြုလုပ်ခြင်း ဖြင့် နည်းပြ (၂၅၆) ဦး မွေးထုတ်ခြင်း။
၆။ ၂၀၁၃ ခုနှစ်၊ သြဂုတ်နှင့် စက်တင်ဘာလများတွင် ဆောင်ရွက်ခဲ့သော ကျွမ်းကျင်မှုစံ အခြေခံသော နည်းပြလေ့ကျင့်ရေးသင်တန်းများ တက်ရောက် ပြီးစီးထားသူ (၈၀) ဦးအနက် Master Trainers (၃၂) ဦး ရွေးချယ်ခဲ့ပြီး အဆိုပါ (၃၂) ဦးအား စင်္ကာပူနိုင်ငံတွင် (၁) ပတ်ကြာ အထူးအဆင့်မြင့် သင်တန်း ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။ ၇။ Master Trainers (၃၂)ဦး မှ ၂၀၁၄ ခုနှစ် မတ်လတွင် ကျွမ်းကျင်မှုစံ အခြေခံသော နည်းပြလေ့ကျင့်ရေးသင်တန်း ဆင့်ပွားသင်တန်း(၂)ကြိမ်ပြုလုပ်၍ နည်းပြ(၁၁၂)ဦးအား လေ့ကျင့်သင်ကြားပေးထားပြီး ဖြစ်ပါသည်။ ကျွမ်းကျင်မှု “စံ” အခြေပြု နည်းပြလေ့ကျင့်ရေး သင်တန်းများ တက်ရောက်ပြီးစီးထားသော နည်းပြများအနေဖြင့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဌာန်းရေးအဖွဲ့၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ကျွမ်းကျင်မှုစံ အခြေပြု လေ့ကျင့်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

Skill Assessment and Certification

၁။ နိုင်ငံအဆင့်အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနမှ ဦးဆောင်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့ပါဝင်သော သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်း ဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ ဂဟေဆက်လုပ်ငန်းဆိုင်ရာ စမ်းသပ်စစ်ဆေး ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအတွက် ရှေ့ပြေးစီမံချက်အား စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဦးဆောင်၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်များရှိ လုပ်သားများအား ကျွမ်းကျင်မှု အဆင့်မြှင့်တင်ခြင်း (Skill Upgrading) အစီအစဉ် ဆောင်ရွက် လျက်ရှိပြီး ပထမဦးစွာ ဆောက်လုပ်ရေးလက်သမားများအား အသိမှတ်ပြုလက်မှတ်ထုတ်ပေး နိုင်မည့်အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၃။ ကျွမ်းကျင်မှုစစ်ဆေးရေးဌာနများ အသိအမှတ်ပြုရေးအဖွဲ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များမှာ အောက်ပါအတိုင်းဖြစ်သည် -
  1. (၁) တရားဝင်အသိအမှတ်ပြုရန် လျှောက်ထားလာသော ကျွမ်းကျင်မှုစစ်ဆေးရေး ဌာနများ သို့သွားရောက် လေ့လာစစ်ဆေးခြင်းနှင့် စိစစ်ခြင်း၊
  2. (၂) သွားရောက်စစ်ဆေးမည့် စစ်ဆေးရေးအဖွဲ့အား လုပ်ငန်းကဏ္ဍအလိုက် စစ်ဆေးရေး ဆိုင်ရာပညာရှင်များအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
  3. (၃) စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်(Test Project) နှင့် စံချိန်စံညွှန်း အသေးစိတ် နှင့် စစ်ဆေးမည့်မေးခွန်းလွှာ (Specification and paper) များအား NSSA မှ ပြဌာန်းထားသော အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊
  4. (၄) စမ်းသပ်စစ်ဆေးရေး စံချိန်စံညွှန်းများနှင့် အထောက်အကူပြုပစ္စည်းများ (Assessment Standard/ facility/ aids ) စနစ်တကျပြုစုသတ်မှတ်ခြင်း၊
  5. (၅) အမှတ်ပေးအစီအစဉ်များ (Marking Scheme)၊ လုပ်ငန်းအဆင့်အလိုက် အမှတ်ပေးခြင်း (Job procedure scorring) နှင့် နောက်ဆုံးရလာဒ်အား အမှတ်ပေးခြင်း (end result scoring များ) အဆင့်မီ/ မမီသတ်မှတ်ဆုံးဖြတ်ခြင်း၊
  6. (၆) ကျွမ်းကျင်မှုစစ်ဆေးရေးဌာနများကို စစ်ဆေးမည့် အောက်ဖော်ပြပါ အချက်များကို အသေးစိတ် ပြုစုထားရှိခြင်း၊ အဖွဲ့အစည်း၏ ဖွဲ့စည်းမှု (Organization Structure) အကဲဖြတ်သူနှင့် စမ်းသပ်စစ်ဆေးသူ၏ အရည်အချင်း (Assessor and Tester Qualification) အရည်အသွေးယုံကြည်စိတ်ချမှု ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Quality Assurance Development Plan) အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း အဆင့်များ (Certification Levels) အသိအမှတ်ပြုကာလနှင့် စမ်းသပ်စစ်ဆေးရေးဌာန၏ စံချိန်စံညွှန်းနှင့် ကိုက် ညီမှု (Accreditation Period and Validity for testing centre) စစ်ဆေးခြင်းဆိုင်ရာ လိုအပ်သည့်အထောက်အပံ့ပစ္စည်း (စက်၊ ပစ္စည်း ကိရိယာများ၊ ကိရိယာတန်ဆာပလာများ၊ နေရာ( အဆောက်အဦ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်) (Testing facility [ Machine, Equipments, Tools, Venue (building. Workshop, workplace)] စစ်ဆေးခြင်းလက်စွဲ (Testing manual) စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်နှင့် အမှတ်ပေးအစီအစဉ်(Test Project and Marking Scheme) စာမေးပွဲစစ်ဆေးခြင်းအတွက် ဝန်ဆောင်ခ၊ အသိအမှတ်ပြုလက်မှတ်ထုတ် ပေးခြင်းအတွက် ဝန်ဆောင်ခ၊ သက်တမ်းတိုးပေးခြင်းနှင့် ထပ်မံ‌ဖြေဆိုခြင်း နှင့် လက်မှတ်အသစ်ထုတ်ပေးခြင်းအတွက် ဝန်ဆောင်ခ (Test Fee, certification fee, Renewal and Surveillance fees) အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ ပယ်ဖျက်ခြင်း၊ သက်တမ်းတိုးပေး ခြင်း၊ ထုတ်ပေးခြင်း၊ တရားဝင်သည့်ကာလအပိုင်းအခြားနှင့် ထပ်မံ‌ဖြေဆို ခြင်းနှင့် လက်မှတ်အသစ်ထုတ်ပေးခြင်းအတွက် ဝန်ဆောင်ခ (Rule and Regulation for certification, Cancellation, Renewal, Validation period and surveillance) စစ်ဆေးရေးဌာန၏ တာဝန်ဝတ္တရားများ (Duties and Responsibilities of test provider)
  7. (၇) စာမေးပွဲကျ၊ သက်တမ်းတိုး၊ သက်တမ်းကုန်၍ ထပ်မံဖြေဆိုခြင်း ( Surveilance and Recertification)များအတွက် စည်းမျည်းစည်းကမ်းများ သတ်မှတ်ခြင်း၊
  8. (၈) အဖွဲ့၏စစ်ဆေးတွေ့ရှိချက်များကို အကဲဖြတ်၍ စမ်းသပ်စစ်ဆေးရေးဌာနများအား အသိအမှတ်ပြု လိုင်စင်ထုတ်ပေးရန် သင့်/မသင့် ကျွမ်းကျင်မှုအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီသို့ ထောက်ခံတင်ပြခြင်း၊
၄။ ကျွမ်းကျင်မှု အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် အောက်ပါအချက်များ ကြိုတင်ဆောင်ရွက်ထားရမည် -
  1. (၁) ကျွမ်းကျင်မှုအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ(Role and Tasks) အသေးစိတ်ရေးဆွဲရန်။
  2. (၂) ကျွမ်းကျင်မှုအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ၏ အောက်တွင် လုပ်ငန်းကဏ္ဍအလိုက် စစ်ဆေးရေးဆိုင်ရာ ပညာရှင်များအဖွဲ့နှင့် ကျွမ်းကျင်မှု စစ်ဆေးရေးဌာနများ အသိအမှတ်ပြုရေးအဖွဲ့တို့ကို ဖွဲ့စည်းရန်။
  3. (၃) လုပ်ငန်းကဏ္ဍအလိုက် စစ်ဆေးရေးဆိုင်ရာပညာရှင်များအဖွဲ့အား အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ခေါ်ယူ ဖွဲ့စည်းရန်။
  4. (၄) လုပ်ငန်းကဏ္ဍအလိုက် စစ်ဆေးရေးဆိုင်ရာပညာရှင်များအဖွဲ့နှင့် ကျွမ်းကျင်မှု စစ်ဆေးရေးဌာနများ အသိအမှတ်ပြုရေးအဖွဲ့တို့အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အသေးစိတ်ရေးဆွဲသတ်မှတ်ရန်။
  5. (၅) ကျွမ်းကျင်မှုစစ်ဆေးရေးဌာနများမှ တရားဝင်အသိအမှတ်ပြုရန် လျှောက်ထား လာပါကကျွမ်းကျင်မှုစစ်ဆေးရေးဌာနများ အသိအမှတ်ပြုရေးအဖွဲ့အား သွားရောက် စစ်ဆေးစေ၍ ထောက်ခံတင်ပြချက် ရယူရန်။
  6. (၆) တရားဝင်လုပ်ပိုင်ခွင့် လျှောက်ထားလာသော ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးရေးဌာန များအား ကျွမ်းကျင်မှုစစ်ဆေးရေးဌာနများ အသိအမှတ်ပြုရေးအဖွဲ့၏ ထောက်ခံ တင်ပြမှုကိုအခြေခံ၍ အသိအမှတ်ပြု လိုင်စင်ထုတ်ပေးရန် သင့်/မသင့်ဆုံးဖြတ် ဆောင်ရွက်ရန်။
  7. (၇) ကျွမ်းကျင်မှု အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက် ချက်များနှင့် ပတ်သက်၍ NSSA သို့ အစီရင်ခံတင်ပြရန်။
 

Cooperation with Development Partners (DPs)

ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ
  • ၁။ The Organization for Educational Resources and Technological Training – ORT နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
    1. ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းရှိ (ခန့်မှန်း - ၁၂၀ ပေ x ၈၀ ပေ) မြေနေရာတွင် ORT၏ “အမျိုးသား ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး စင်တာ” (National Skills Development Center-NSDC) ကို ထူထောင်ဖွင့်လှစ်ခြင်း။
    2. မြန်မာလူငယ်များ အလုပ်အကိုင်ရှာဖွေတွေ့ရှိရေး သို့မဟုတ် ၄င်းတို့ကိုယ်တိုင် ကိုယ်ပိုင် လုပ်ငန်းများ ဖန်တီးနိုင်ရေးအတွက် လိုအပ်သည့် စျေးကွက်ဝင် အထောက် အကူပြုသော ကျွမ်းကျင်မှုနှင့်စိတ်နေသဘောထားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာ သော ဘဝနေထိုင်မှု ပုံစံများထိန်းသိမ်းရေးနှင့် ၄င်းတို့၏ ရပ်ရွာအဖွဲ့အစည်းများတွင် ပါဝင်လုပ်ဆောင်ရေး တို့တွင် အကူအညီပေးရေးအတွက် အသက်မွေးမှုဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း။
  • ၂။ The Center for Vocational Training – CVT နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
    1. - ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက်ဒေးရုံဘုရားလမ်းရှိ (၁.၁၈၆) ဧက ကျယ်ဝန်းသော အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ဘဝမြင့်ရိပ်သာ မြေနေရာတွင် Excellence Vocational Center အား ထူထောင်ခြင်း။
    2. - ၂ ထပ် အဆောက်အဦ (ခန့်မှန်း - ၆၀ ပေ x ၃၀ ပေ) နှင့် အရံ ၁ ထပ် အဆောက်အဦတို့ ဆောက်လုပ်ခြင်း။
    3. - အသက်မွေးမှု အတတ်ပညာသင်တန်းများ (Vocational Trainings)နှင့် လူငယ်လေးများ ၏ အခြေခံအသက်မွေး သင်တန်းများ(E4Y)ဖွင့်လှစ်ခြင်း။
  • ၃။ GIZ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
    1. မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက် ချက်များတွင် ဂျာမန် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) မှ ကူညီဆောင်ရွက်ပေး လျက်ရှိရာတွင် NSSA ၏ အမာခံဝန်ထမ်းများအား အရည်အသွေးမြင့်မားစေရန် ဆောင်ရွက်ပေးခြင်း၊ NSSA Technical Working Group အား ဖွဲ့စည်း တည်ထောင်ခြင်း၊ NSSA အတွင်းရေးမှူး ရုံးအဖွဲ့အား ထောက်ပံ့ပေးခြင်း၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်၍ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းအတွက် နည်းပညာ အကူအညီများပေးခြင်း၊ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအပိုင်း နှင့်စပ်လျဉ်းသည့် နည်းဥပဒေအား အလျင်အမြန် ထုတ်ပြန်နိုင်ရန်အတွက် နည်းပညာ ဆိုင်ရာ အကြံဉာဏ်များပေးခြင်း၊ လုပ်ငန်းအထောက်အကူပြု ရုံးခန်းတစ်ခန်းစီအား နေပြည်တော်နှင့် ရန်ကုန်တွင် ဖွင့်လှစ်နိုင်ရန် ကူညီထောက်ပံ့ပေးခြင်း၊ အလုပ်အကိုင် နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၏ ဥပဒေရေးရာ အကောင်အထည်ဖော် မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် အများပြည်သူသိရှိနိုင်ရန် ESD Web Portal (Initial Phase) အား တည်ဆောက်လွှင့်တင်နိုင်ရန် ထောက်ပံ့ပေးခြင်း၊ အမျိုးသား အဆင့်ကျွမ်းကျင်မှုအရည်အသွေးမူဘောင် ထူထောင်နိုင်ရန်အတွက် နည်းပညာအကူအညီ ပေးခြင်းတို့ကို အကောင်အထည်ဖော်လျက်ရှိပါသည်။
  • ၄။ မြန်မာနိုင်ငံရှိ အလုပ်သမားများအနေဖြင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရရှိထားခြင်းဖြင့် မိမိနှင့်ကိုက်ညီသော လုပ်ငန်းခွင်တွင် အာမခံရှိရှိနှင့် လုပ်ကိုင်နိုင်ခြင်း၊ မိမိကျွမ်းကျင်မှုအဆင့် အလိုက်သင့်လျော်သော လုပ်ခလစာရရှိခြင်း၊ ပြည်တွင်း/ပြည်ပတွင် အလုပ်လျှောက်ထားရာ၌ ပိုမိုလွယ်ကူအဆင်ပြေခြင်းစသော အကျိုးကျေးဇူးများလည်း ရရှိနိုင်မည်ဖြစ်ပါသည်။